Saturday, January 29, 2022

BAT File သင်ခန်းစာ (၈)

အခု ကျနော်ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ Input ကို redirect လုပ်ခြင်းပါ။

သူမှာ့လည်း ကျနော်တို့ Output မှာတုန်းက လုပ်ခဲ့သလိုမျိုးပါဘဲ Operator တစ်ခုရှိပါတယ်။ အဲဒါကတော့ ဖြစ်ပြီး အခု Input မှာတော့ < ပါ။ C တို့ C++ တို့နဲ့ နည်းနည်းဘဲကွာတယ်နော်။ ဟိုမှာက cout<> လေ… သိပ်မလွဲပါဘူး။

Input Redirection Operator ကို ဘယ်လိုသုံးကြလဲဆိုတာကတော့ ရှင်းပါတယ် ၊ ကျနော်တို့ text file မှာ ရှိတာတွေကို DOS ထဲပြောင်းထည့်တဲ့ အခါမျိုးမှာ သုံးကြတာပါ။ Output တုန်းက DOS ကနေ text file ဆီကို လွှဲပြီးတော့ အခု Input မှာတော့ text file ကနေ DOS ကို လွှဲတဲ့သဘောပါ။


သူ့ကိုတော့ ကျနော်တို့ဟာ Command တစ်ချို့နဲ့ တွဲသုံးလေ့ရှိပါတယ်။ အဲဒီ့ Command တွေကတော့ MORE နဲ့ TYPE ဘဲဖြစ်ပါတယ်။ MORE ဆိုတာက ကျနော်တို့ရဲ့ Text File ထဲက စာသားတွေဟာ တအားရှည်တဲ့ အခါမျိုးမှာ Screen တစ်ချပ်စာကို တစ်ခါပြပေးတဲ့ command ဖြစ်ပါတယ်။ တနည်းအားဖြင့် Scroll ဆွဲရန်လိုတဲ့ စာသားတွေကို Screen Size ဆန့်သလောက် တစ်ခါဆီပြပေးတဲ့ command ပါ။ သူက Enter တစ်ခါခေါက်ရင် တစ်လိုင်းဆင်း ပေးပါတယ်။ (ရေးထားတာ ရှုပ်လို့ နားလည်ပါ့မလားမသိဘူး)

TYPE ဆိုတာကတော့ ကျနော်တို့ရဲ့ Text File ထဲက စာသားရှိသလောက်ကို တစ်ခါတည်းနဲ့ Scroll ဆွဲပြီးပြတဲ့ Command ပါ။ သူ့ရဲ့ Scroll လုပ်သွားတဲ့ speed က တအားမြန်တော့ အောက်ဆုံးရောက်ပြီးမှ အပေါ်ကို တစ်ခါ ပြန်တက်ရရင် ၊ စာတအားရှည်တဲ့ အခါမျိုးမှာ အခက်တွေ့နိုင်ပါတယ်။ (ဒါကော နားလည်ရဲ့လား။ နားမလည်ရင် ပြန်မေးပါနော်။)

အဲဒီ့ Command နှစ်ခုရဲ့ အဓိပ္ပါယ်ကို နားလည်ကြတယ်ဆိုရင်တော့ ၊ ဘယ် Command က ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်မယ်။ အသုံးပြုမယ့်သူနဲ့ အသင့်တော်ဆုံး ဖြစ်မယ်ဆိုတာ စဉ်းစားပြီး သုံးကြပါ။ (ကျနော်ကတော့ TYPE မှ TYPE ဘဲ… More က enter ခေါက်ရတာ လက်ညောင်းလို့။ ) ဘာကွာသလဲဆိုတာ သေချာသိချင်ရင် အောက်က Code ကို Command Prompt ထဲမှာ သွားရိုက်ကြည့်လိုက်ပါ။

C:\မိမိ import (or) redirect လုပ်မယ့် file ရှိသည့်လမ်းကြောင်း > MORE echo y | del *.*

အဲဒီ့ Code ကို ကြည့်ရင်တော့ နားလည်ပြီထင်ပါတယ်။ echo နဲ့ y ကို ရိုက်ထုတ်ပါတယ်။ အဲဒီ့အတွက် y ဟာ အဲဒီ့ အချိန်မှာ output တစ်ခုဖြစ်ပါတယ်။ သူ့ နောက်မှာတော့ | ဆိုပြီးတော့ Pipe Operator တစ်ခုသုံးထားပါတယ်။ အဲလိုသုံးထားတဲ့ အတွက် ကျနော်တို့ဟာ del တဲ့ Command ကလိုအပ်တဲ့ import တစ်ခုဖြစ်တဲ့ y နေရာမှာ ခုနက ထွက်လာတဲ့ output ဖြစ်တဲ့ y ကို သုံးလိုက်ပါတယ်။OK? (ဟူး… ဒီလောက် ဆိုရင်တော့ သဘောပေါက်ပြီထင်ပါတယ်။) အခုရေးခဲ့တဲ့ နည်းတွေကတော့ Input Redirect လုပ်နည်းများဖြစ်ပါတယ်။ ပုံမှန်လုပ်နေကြဖြစ်တဲ့ Keyboard ကနေ Input သွင်းတာထက် ၊ မိမိရဲ့ System ထဲမှာဘဲ Input ကို လှည့်သုံးသွားတဲ့နည်းပါ။ လုပ်ရတာ ပျော်ဖို့ကောင်းတယ်နော်။ (အခု စာဖတ်သူတော့ ပျော်မပျော်မသိဘူး။ ကျနော့်အတွက်တော့ ဒါတွေ လေ့လာခဲ့ရတဲ့ အချိန်ဟာ ပျော်ဖို့ အကောင်းဆုံးပါဘဲ။ ဘာမှန်းမသိဘဲနဲ့ Screen မဲမဲကြီးမှာ စာတွေ ကျလာတာကို ပျော်ခဲ့တာလေ။ အခုတော့ ပျက်ဆီးနေပြီ… ဘာမှလုပ်ချင်စိတ် ၊ လေ့လာချင်စိတ်မရှိဘူးဖြစ်နေတယ်။)


Batch File Programming က တကယ်လေ့လာရင် အရမ်းကို လွယ်တဲ့ဟာတစ်ခုပါ။ ပြီးတော့ သုံးတတ်ရင် သုံးတတ်သလို အကျိုးလည်းရှိပြီးတော့ ၊ သုံးရတာ လည်း တကယ် ပျော်ဖို့ ကောင်းပါတယ်။ သူ့ကိုလေ့လာချင်တယ် ဆိုရင်လည်း တခြားဟာတွေလို များများစားစား knowledge ရှိစရာမလိုပါဘူး။ DOS Command တွေကို နည်းနည်းပါးပါး အကျွမ်းတဝင်ရှိတယ်ဆိုရင်ဘဲ လုပ်စားလို့ရနေပြီ။

DOS Command တွေနဲ့ ပါတ်သက်လို့ လေ့လာလို့ရတဲ့ site တွေ အများကြီးရှိပါတယ်။ အဲဒီ့မှာလေ့လာပါ ၊ ဖတ်ပါ ၊ မှတ်ပါ ၊ သင်ယူပါ ၊ ကိုယ်တိုင်လုပ်ကြည့်ပါ။ အဲလို site တွေမှာ တစ်ခါတစ်လေဆိုရင် DOS ရဲ့ Hidden Command တွေလည်း မရေမတွက်နိုင်အောင်ရှိနေတတ်ပါတယ်။ အဲလိုလုပ်ပြီးတော့ လေ့လာလိုက် မယ်ဆိုရင် Batch File Programming မှာ ဆရာတစ်ဆူဖြစ်လာနိုင်တယ်။ အပေါ်မှာရေးခဲ့ဖူးတုန်းကလိုဘဲ ဆရာတစ်ဆူဖြစ်ရင် ဘာလုပ်လို့ရလဲတော့ မမေးကြနဲ့နော်။ ကျနော်လည်း Bat ကို အိတ်စပါတ် မဟုတ်သလို စပယ်ရှယ်လစ် လဲဟုတ်ဘူး။ ဘာလုပ်လို့ရလဲဆိုတာလည်း ကိုယ့်ပေါ်ဘဲမူတည်တယ်နော်။

Bat file Programming ကိုဒီမှာဘဲနားတော့မယ်နော် ။ နောက်တစ်ခါ ဘာရေးရမယ်မှန်းက ခုထိမသိသေးလို့ ၊ ဒီနေ့တော့ နောက်တစ်ခေါက် ဘာဆွေးနွေးမယ်ဆိုတာ ကြိုမပြောခဲ့တော ့ဘူးနော်။ နောက်တစ်ခါ ပိုစ့်တင်မှ ဘာအကြောင်းလဲဆိုတာ ကြည့်ပေ တော့။ တာ့တာ…..

စာဖတ်သူအပေါင်း ကျန်းမာပျော်ရွှင်ပြီး Data စျေးများပြန်လည်သက်သာပြီး Doller စျေးများကျလို့ စာမေးပွဲတွေ ဖြေဆိုနိုင်ကြပါစေ။

No comments:

Post a Comment