Saturday, January 29, 2022

How to fix CredSSP Authentication for RDP

ဒါလေးကတော့ စိတ်ကူးပေါက်လို့ ဘာရယ်မဟုတ်ဘူးတင်လိုက်တာပါ။

ကျနော်တို့ အသုံးပြုနေတဲ့ Windows OS တွေမှာ တခါတလေ အမှတ်မထင်ဘဲ " CredSSP encryption oracle remediation" ဆိုတဲ့ error တက်ခဲ့မယ်ဆိုရင် ဖြေရှင်းလို့ရမယ့် နည်းလမ်းလေးတွေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။


ဖြေရှင်းလို့ရတဲ့နည်းလမ်းကတော့ ကျနော်သိသလောက်ဆိုရင် ၄ ခုလောက်ရှိပါတယ်,

၁. Local Group Policy Editor

၂. Registry Editor

၃. Apply Patch

၄. Remove Patch ဆိုပြီး နည်းလမ်း၄ခု ရှိပါတယ်။


အထက်ပါနည်းလမ်း ၄ ခုထဲကမှ Local Group Policy Editor ကို အသုံးပြုပြီး ဖြေရှင်းပြသွားမှာဖြစ်ပါတယ်။ Patch တွေ ကို apply and remove မလုပ်ပြတော့ပါဘူးနော်။ ဘာလို့လဲဆိုတော့ Microsoft က သိတဲ့ အတိုင်း upgrade version အသစ်တွေက ခဏခဏ ထွက်နေတာမို့ပါ ။ စိတ်မပူပါနဲ့ Local Group Policy Editor နဲ့တင်လုံလောက်ပါတယ် ။ အကယ်လို့ ကျနော် တင်ပြသွားတာနဲ့ အဆင်မပြေတာရှိရင် comment box မှာ မေးထားလို့ရပါတယ်။ နောက်နည်းလမ်းတစ်ခု ထပ်ရှာပေးပါမယ် ။ ဒီတော့ စလိုက်ရအောင်ဗျာ .....

Error ပုံစံကတော့ အောက်ပါအတိုင်းဘဲ ဖြစ်ပါတယ်


Fix this error using Group Policy

- Open the Windows Run Box (WIN+R)

- Type gpedit.msc in order to open Computer Configuration .

- Navigate to the Computer Configuration -> Administrative Template -> System -> Crendential Delegation -> Encrypt Oracle Remediation .



အထက်ပါ အဆင့်ထိရောက်ပြီ ဆိုရင် Encrypt Oracle Remediation ကို Double click နှိပ်ပြီး ဝင်ပါ။ အောက်မှာ ပြထားတဲ့ အတိုင်း Enable ပြုလုပ်ပြီး Protection Level မှာ Vulnerable ကို ရွေးပေးပါ။



ဒါတွေ အကုန်ပြီးသွားရင်တော့ နောက်ဆုံး အဆင့်အနေနဲ့ Run Box ကနေ gpupdate လို့ရိုက်ပေးလိုက်ရင် ရပါပြီ ။

အားလုံးဘဲ ကျန်းမာကြပါစေ ........

No comments:

Post a Comment