Wednesday, February 9, 2022

How to enable or disable CTRL+ALT+DEL Secure Logon in Windows 11&10

ဒီနေ့ ကျနော် ဆွေးနွေးပေးသွားမယ့် အကြောင်းအရာလေးကတော့ Microsoft Windows တွေမှာ windows စတက်တက်ခြင်းမှာ တွေ့နေရတဲ့ CTRL+ALT+DEL ဆိုတာလေး အကြောင်းဘဲဖြစ်ပါတယ်။ CTRL+ALT+DEL ပေါ်နေရခြင်းက ကျနော်တို့ သုံးနေတဲ့ OS မှာ secure logon ကို ဖွင့်ထားခြင်း/ ပွင့်နေခြင်းကြောင့် ဖြစ်ပါတယ်။

တချို့က CTRL+ALT+DELနှိပ်စရာ မလိုဘဲ login box ကို တန်းရောက်ချင်တာ ရှိသလို တချို့ကျတော့ secure ဖြစ်တာလေးကိုမှ ကြိုက်ကြတာရှိတက်ပါတယ်။ ဒီတော့ ကျနော်ဆွေးနွေးမယ့် အကြောင်းအရာက CTRL+ALT+DELနှိပ်စရာ login box ကို တန်းရောက်ချင်တဲ့သူတွေကို ရည်ညွန်းပါတယ်။



ကျနော်သိထားတဲ့ နည်းလမ်း ၃ခုကို မျှဝေချင် ပါတယ်။ အဲ့တာတွေကတော့

၁. Control Panel

၂. Group Policy Editor

၃. Registry Editor တွေကိုသုံးပြီး ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။


Control Panel ကို သုံးမယ်ဆိုရင်တော့ User Account (Advanced) မှာ ပြင်ပေးရမှာဖြစ်ပါတယ်။ လုပ်ရမှာကတော့

- Open the Windows Run Box (WIN+R)

- Type netplwiz and enter

အောက်မှာ ပြထားတဲ့ အတိုင်း secure sign-in box မှာ Require users to press Ctrl+Alt+Delete ကို click ပေးထားရင် ဖြုတ်ပေးရမှာဘဲ ဖြစ်ပါတယ်။


အပေါ်က နည်းလမ်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ Group Policy မှာအောက်ပါအတိုင်း လုပ်နိုင်ပါတယ်။

- Open the Windows Run Box (WIN+R)

- Type secpol.msc and enter

- In the left pane,

Select Local Policies > Security Options

- Now in the right pane,

double click on Interactive logon: Do not require CTRL+ALT+DEL

- Select Enable

- Click Apply/OK and Exit




ဒါတွေပြီးသွားရင်တော့ windows ကို restart ချလိုက်ပါ။ မဂ်လာရှိသော နေ့ရက်လေးဖြစ်ပါစေ ခင်ဗျာ .......

1 comment:

  1. Casino Resort Atlantic City - MapYRO
    A map showing casinos and other gaming facilities located 익산 출장샵 in Atlantic City, including casino gaming space, parking meters, Hours 부산광역 출장마사지 of operation: 강원도 출장안마 Open 24 hours; Main HoursMonday: 12 제천 출장안마 am-3:30 pmAddress: 4111 경산 출장샵 S. Main Blvd

    ReplyDelete